Article Contents
- Background (နောက်ခံအကြောင်းအရာ)
- Project Overview ( စီမံကိန်းကို ခြုံငုံကြည့်ခြင်း)
- Project Implementation (လုပ်ငန်းအကောင်အထည်ဖေါ်ခြင်း)
- Project Information (အစီရင်ခံစာ)
Browse Articles
- By Date
- By Technology
- By Topic
- By Location
Biogas Project Installation (သဘာဝ ဓါတ်ငွေ့ဖို တည်ဆောက်တပ်ဆင်ခြင်း)
March 14, 2012
Background (နောက်ခံအကြောင်းအရာ)
နောင်ဘွားကျေးရွာသည်ထိုင်းနိုင်ငံတာခ်ခရိုင်တွင်တည်ရှိပြီးထိုင်း နိုင်ငံ၏အနောက်မြောက်ဘက် တွင်ရှိသည်။နောင်ဘွားကျေး ရွာသည် ထိုင်း-မြန်မာနယ်စပ်ရွာတစ်ရွာဖြစ် ပြီးမွေချောင်း၏ကမ်းခြေ တွင် အခြေချနေထိုင်ခဲ့ကြသည်။ ထိုကျေးရွာတွင် အဓိက အားဖြင့်ထိုင်း လူမျိုး၊ကရင်လူမျိုးနှင့်တစ် ခြားမြန်မာပြည်မှ လာသော လူမျိုးစုငယ်များခိုလုံရာကျေးရွာတစ်ရွာလည်း ဖြစ်သည်။ အထူးသဖြင့် ယ်စပ်ဒေသတွင် ဖြစ်တတ်သောတိုက်ပွဲများကြောင့်တိုင်းရင်း သားများသည်မိမိတို့အသက်အိုးအိမ်ကိုစွန့်ခွါ၍နောင်ဘွားကျေးရွာ တွင်ပြောင်းရွှေနေထိုင်ဖြစ်သည်။ ထိုနောက်မှလူဦးရေတစ်ဖြည်းဖြည်း ချင်းများလာရာမှယခုဆိုအလယ်တန်းအထိထိုင်းအစိုးရမှဖွင့်ပေးနိုင်ခဲ့သည်။ သဘာဝပတ်ဝန်းကျင် သည်အလွန်စိမ်းလန်းစိုပြေနေသော်လည်းပဲမိုးရာ သီကဲ့သို့သော အချိန်များ၌ အထူးသဖြင့် တောင် ကျရေအလွန် ကြမ်းသောကြောင့် လယ်များရေလွှမ်းမိုး ခြင်း၊မြေပြို၍ကားလမ်းများပိတ် ဆို့ ခြင်း စသောဘေးဥပတ်များမကြာခဏဖြစ်တတ်သည်။ ထိုကျေးရွာတွင် Blessing Children Home ဆိုတဲ့ ဂေဟာ ကျောင်း တစ်ကျောင်းရှိပါ တယ်။ထိုကျောင်းတွင်မိဘမဲ့ ကလေးပေါင်း ၄၀ ကျော်လောက်နေ ထိုင်ကြပြီးရွာထဲရှိကျောင်း ၃ ကျောင်းသို့အသီးသီးပညာသင်ယူနေကြ သည်။ ထိုကျောင်း သည် ထိုင်း မြန်မာနယ်စပ်နှင့်အလွန်နီးစပ်ရာဟို ဘက်ကမ်းရှိနယ်ခြား စောင့်တပ်၏ရွှေလျှားမှု ကိုပါမျက် ဝါးထင်ထင်တွေ့မြင် နိုင်သည်။ ရွာသားများသည်အဓိကလယ်နှင့်တောင် ယာလုပ်ငန်းပေါ် တွင်မှီ တင်းနေထိုင်ကြရသည်။ခန့်မှန်းခြေလူဦးရေ သည်နှစ်ထောင်ကျော်လောက်ထိုရွာတွင်နေထိုင်သည်။
Project Overview ( စီမံကိန်းကို ခြုံငုံကြည့်ခြင်း)
Blessing Children Home သည် ထိုင်း မြန်မာနယ်စပ် ရှိနောင်ဘွားကျေးရွာတွင်တည်ရှိသောမိဘ ကလေးများပြုစုပျိုး ထောင်ပေးနေသော မိဘမဲ့ကလေးများခိုလှုံရာ ဂေဟာဆောင်ဖြစ်ပါသည်။ အထူးသဖြင့်ထိုဒေသ ပတ်ဝန်းကျင်သည်အကြောင်းအမျိုးမျိုးကြောင့် စစ်ဘေး ဒုက္ခသည်များဖြစ်နေရသည့် ရွာကလေး ဟုပင် ခေါ်ဆိုနိုင် ပါသည်။ သို့သော်တည်နေရာ သည်တစ်ခြားလူမှု အဖွဲ့ အစည်းတွေ၏လက်လှမ်းမမှီသောကြောင့်အခက်အခဲများစွာရှိသည်။ အထူးသဖြင့်ချက်ပြုတ်ရာတွင် လောင်စာလို သောကြောင့်ထိုမီးအတွက်လိုအပ်နေသောအကူအညီများကို ဖြည့်ဆီးပေးရန်အမျိုးမျိုးကြိုးစားသော်လည်းပဲ အထ မမြောက် နိုင်ပေ။ သို့သော်ထိုဂေဟာတွင်စေတနာ့ဝန်ထမ်းဆောင်ရွက်နေသောဆရာ ၂ ယောက် သည် BGET ရုံး တွင် လည်းဝန်း ဝိုင်းကူညီသောသူ များဖြစ်ကြရာသူတို့၏တင်ပြခြင်းမှတစ်ဆင့်ကျနော်တို့သည်ကြားသိရ ပါသည်။ ကျနော်တို့ BGET အသင်းသည်အထူးသဖြင့်နယ်စပ်ဒေသမှ အခက်အခဲကြုံတွေ့နေရသောကလေးများ၏လိုအပ်ချက်များကိုဦးစားပေး ကူညီကြလေရာထိုရွာသို့အကူ အညီပေးရန်ဆုံးဖြတ်ခဲ့ကြပါသည်။ ထိုကြောင့်သူတို့အတွက်လိုအပ်နေသောမီးအတွက်ကျ နော်တို့BGET မှဇီဝဓါတ်ငွေ့ဖိုကိုသူတို့ကျောင်း Blessing Children Home အတွက်တည်ဆောက်ကူညီပေးနိုင်ခဲ့သည်။
Project Implementation (လုပ်ငန်းအကောင်အထည်ဖေါ်ခြင်း)
၉ ရက် အောက်တိုဘာလ ၂၀၁၁ နေ့တွင်ကျနော်တို့ BGETအဖွဲ့သည် ဇီဝဓါတ်ငွေ့ ဖို တည်ဆောက်ရန် အတွက်နောင် ဘွားကျေးရွာသို့ စတင်ခရီးထွက်ခဲ့ ပြီး နံနက်ပိုင်း ၁၀ နာ မှ စတင်ကာဇီဝဓါတ်ငွေ့ဖိုကို တည်ဆောက်တပ်ဆင်ပြုလုပ်ကြပါသည်။ ထိုနောင်ဘွားကျေးရွာရှိကျောင်းဝင်းတွင်ဝက်မွေးမြူရေး ခြံတစ်ခုရှိရာထိုနေရာ သို့ဝက်ချေးများ သို့မဟုတ် ဝက်မစင်များကို သွားရောက်ကောက်ယူစုဆောင်း ကြပါသည်။ ထိုနောက် ၎င်းများကို ဇီဝဓါတ်ငွေ့သို လှောင်ရာရေစည်ထဲသို့လိုအပ် သလောက်ထည့်ကာရေစည်များကို လုံခြုံစွာပြန်လည်ပိတ်ထားပေးခဲ့ပြီး ညနေ ၆ နာရီတွင် ပြီးဆုံးနိုင်ခဲ့ပါသည်။ ထိုတချိန် ထဲ၌ပင်ထို ဇီဝဓါတ်ငွေ့ မည်သို့ မည်ပုံ အလုပ်လုပ်ပုံကို တာဝန်ရှိပုဂ္ဂိုလ်များကို ရှင်းပြခဲ့ပြီးညနေ၆ နာရီကျော်လောက်တွင် မဲဆောက်မြို့သို့ ပြန်လည်ထွက်ခွာလာခဲ့သည်။ ထိုဇီဝဓါတ်ပေါင်းဖိုသည်စတင် အလုပ်လုပ် ရန်လဝက်ခန့်စောင့်ရမည် ဖြစ်ပြီးထိုနောက်သုံးစွဲနိုင်ပါသည်။ အထူးသဖြင့် ထိုဇီဝ ဓါတ်ပေါင်းဖို ကို အသုံးပြုပုံ နည်းလမ်းများနှင့် ရေရှည်အသုံးပြုနိုင်ရန်အတွက် နည်းလမ်းများကို လည်း တာဝန်ရှိသူများ နှင့် ဆွေးနိုင်ပင် ကြပြီး အကြောင်းအမျိုးမျိုးကြောင့် တစ်ခုခု ဖြစ်ပါက ပြန်လည် အကြောင်းကြား ရန် အားလုံးသဘော တူညီစွာ ဆုံးဖြတ်ခဲ့ကြပါသည်.
Project Information (အစီရင်ခံစာ)
စီမံကိန်း အစီရင်ခံစာ။ ။
တည်နေရာ။ Blessing Children Home ၊ နောင်ဘွားရွာ၊ တာခ် ခရိုင် ထိုင်းနိုင်ငံ။
လုပ်ဖေါ်ကိုင်ဖက်များ။
နယ်စပ်စိမ်းလန်းစိုပြေရေးအသင်း(BGET)
Blessing Children Home မှ ဆရာများ
အလှူရှင်။ (BGET)
စီမံကိန်း ဦးတည်ချက်။
ဇီဝဓါတ်ငွေ့ မည်သို့ မည်ပုံ အ လုပ်လုပ်ပုံနှင့်မည်သို့ဆောက် လုပ်ရမည်နည်းစသည်များကို လက်တွေ့ကွင်းဆင်းပြသခြင်းတည်ဆောက်ပေးခြင်းအားဖြင့် အနာဂတ်၌ ကလေးများ renewable energy အကြောင်းသိနားလည်စေရန် ဖြစ်ပါသည်။







